ကျွန်ုပ်နားလည်မိသမျှ သစ္စာတရားနှလုံးသွင်းပုံ မှတ်စုများ (ebook)

Feb 9, ’12 4:24 AM

ကျွန်ုပ်နားလည်မိသမျှ သစ္စာတရားနှလုံးသွင်းပုံ မှတ်စုများ 

meditation notes cover

ကျွန်ုပ်တို့တတွေ….. စိတ်ထဲတွင် အဓိကထားနေမှု မှားယွင်းနေပါက (အ ယောနိသောမနသိကာရက ) ဖြစ်ပေါ်ကာ
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ နှင့် အဆင်း၊ အသံ၊ အနံ အရသာ၊ တွေ့ထိစရာ၊ ကြံတွေးစရာတို့ တိုက်ဆိုင်တိုင်း – တွေ့ကြုံရသမျှ အပေါ် လောဘ-ဒေါသ-သောက-အကုသိုလ် ဖြစ်ကာ ပူလောင် ဒုက္ခရောက်ရပါမည်။

ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော အကောင်းအဆိုးအတွေ့အကြုံ ဆိုသည်များထက် မိမိစိတ်၏ နှလုံးသွင်းမှန်မှု- ယောနိသောမနသိကာရ သည်သာ အဓိကကျပါသည်။

အဓိကထားရမည့်အရာကို အဓိကမထားတတ်ရင်တော့ မိမိ-စိတ်၏အဓိကထားမှုအမှား(ငြိတွယ်မှု ) clinging မှ ပူလောင်ယောင်ယက်ခတ်အောင် အကုသိုလ်ဖြစ်အောင် ပြုလုပ်ပါတော့သည်။

မိမိစိတ်၏အဓိကထားမှုအမှား(တရားခံအစစ်ကို) မသိခြင်းကြောင့် (၀ါ) အ၀ိဇ္ဇာကြောင့် ဟိုလူကြောင့် ၊ ဒီလူကြောင့်၊ ဟိုလူ့လုပ်ရပ်ကြောင့်၊ ဒီလူ့လုပ်ရပ်ကြောင့် စိတ်ညစ်ရသည်။

ပြဿနာဖြစ်ရသည်။ ဆင်းရဲရသည်။ အကုသိုလ်ဖြစ်ရသည်။ ဘာဖြစ်ရသည်- ညာဖြစ်ရသည် စသည့်ဖြင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ ကို သာ အပြစ်တင်ပါသည်။ တရားခံဖမ်းပါသည်။

တူညီသော အခြေအနေ ၊ တူညီသော စကားလုံးတစ်ခုကိုပင် ယောနိသောမနသိကာရ ရှိသူ အတွက် မဂ်ဖိုလ်ရ သည်အထိ ကျေးဇူးပြုကာ အ ယောနိသောမနသိကာရက ရှိသူ အတွက်….
ကျေးဇူးမဲ့စေခဲ့ကြာင်း မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့ ကြီး နှင့် သမီးမာဂဏ္ဍီသူငယ်မဇာတ်လမ်း (အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု) ကား သက်သေပင်ဖြစ်လေသည်။

အခြေအနေတစ်ခု၊ စကားလုံးတစ်ခွန်းက အကောင်းအဆိုး ဖြစ်စေသည်ဆိုသည်ထက် အမှန်က မိမိ၏ ယောနိသောမနသိကာရက(နှလုံးသွင်းမှန်မှု) ဖြစ်သလား၊
အယောနိသောမနသိကာရက (နှလုံးသွင်းမှားမှု) ဖြစ်သလား ဆိုသည်က ပိုမို အရေးကြီး အဓိကကျပါသည်။

ဆက်လက်ဖတ်ရှုရန် အောက်ပါ လင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါပြီ။
http://www.mediafire.com/?5e25hvefeatt5hp

Leave a Reply

Your email address will not be published. Required fields are marked *