၂၀၁၀ စင်္ကာပူနိုင်ငံ တရားရိပ်သာ

Feb 18, ’10 3:46 AM

ဆူနာမီဆရာတော် ဦးဥတ္တမသာရမှ စင်္ကာပူနိုင်ငံတွင်

မတ်လ ၄ ရက် မှ မတ်လ ၁၅ ရက်ထိ တရားရိပ်သာ ဖွင့်လှစ်သွားပါမယ်။

Dear Dhamma or Meditation friends,

Here comes excellent dhamma news for all of us.

Please forward this message to your Dhamma or meditaion friends living far and near.

“Tsunami Sayadaw U Ottamasara

of

Thanlyin Pagoda Hill Meditation Centre,

Myanmar (Burma)

will be conducting 12 -day

Meditation Retreat

in Singapore.”

Tentative Programme in Singapore

Date : 4th March 2010 to 15th March 2010 (12 days retreat)

Place : Jurong West Central 1, Singapore

Subject : Explanation and Introducing “How to use infinite peaceful mind power for spiritual purification (or) How to overcome the problems and stress entirely” (Learning Vipassana-Insight Meditation).

Taught by : Infinite Peaceful Mind Power Specialist, Tsunami Sayadaw U Ottamasara of Thanlyin Pagoda Hill Meditation Centre (Thanlyin) Yangon, Myanmar.

Contact No : 65-90993827 (Maw Maw) / 65-84281214 (Aung Thu)

Those who are interested in to learn Vipassana-Insight Meditation techniques as well as an essence of meditation or to do meditation under the guidance of Sayadaw are welcomed to join the above 12-day retreat in Singapore. You may join the retreat at your own pace and convenience or at any time during Sayadaw’s stay in Singapore.

Kindly contact the undersigned or the above mentioned persons for the latest programme updates.

May you be happy and be able to give more time for real happiness or peace!!

With metta,

Soe Win Htut

“ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား”

၁) အချိန်မရွေး နေရာမရွေး လူမျိုးဘာသာမရွေး မှန်ကန်နေမည့် သစ္စာတရား အမှန်တရားကို သိရှိလက်ခံလိုသူများအတွက် လည်းကောင်း

၂) တရားအားထုတ်နေပြီး ၀ိပဿနာဥာဏ်များ ဖြစ်ပေါ်ရန် ခက်ခဲကြန့်ကြာနေသူများ အတွက် လည်းကောင်း၊

၃) စိတ်ပူပန်မှု-ဘ၀အခက်အခဲများကို မှန်ကန်သောနည်းလမ်းဖြင့် စနစ်တကျ ကျော်လွှားလိုသူများအတွက် လည်းကောင်း၊

၎) ဘ၀တစ်လျှောက် စိတ်ချမ်းသာစွာ ဖြင့် ဘ၀တွင် အောင်မြင်ခြင်းအစစ်ကို ရယူလိုသူများအတွက် လည်းကောင်း၊

၅) ရောဂါဝေဒနာရှင်များ ကိုယ်နာသော်လည်း စိတ်မနာဘဲ နေနိုင်သည့်ဖြစ်လျှက် ဝေဒနာများကို အသုံးချကာ တရားအသိဥာဏ်ထူးများ ဖြစ်ပေါ်ရေးအတွက် လည်းကောင်း၊

၆) ယခုဘ၀ကောင်းစားရေး (သို့) နောက်ဘ၀အပါယ်မကျရေး အတွက် သေနည်းသင်တန်းတရား တက်လိုသူများအတွက် လည်းကောင်း

၇) သစ္စာတရား ၀ိပဿနာ တရား စတင်အားထုတ်လိုသူများအတွက်လည်းကောင်း –

ရည်ရွယ်လျက် သစ္မာတရား ၀ိပဿနာ တရားနှလုံးသွင်းမှု ကို စိတ်ရှည်ရှည်နှင့်လက်တွေ့ လုပ်ဆောင်နိုင်ရန် သင်ကြားပြသပေးမည့် –

ရန်ကုန်မြို့ သံလျင်ဘုရားကုန်း သဘာဝရိပ်သာ (ဆူနာမီ)ဆရာတော် သည် အောက်ဖော်ပြပါလိပ်စာတွင် သီတင်းသုံးကာတရားရှင်းပြခြင်း (သို့) သစ္စာတရားနှလုံးသွင်းပုံကို guide လုပ်သင်ကြားပေးမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများ မိမိအားလပ်သည့်အချိန်တိုင်းတွင် လာရောက်တရားမေးမြန်း အားထုတ်နိုင်ကြပါကြောင်း မေတ္တာရှေ့ထားနှိုးဆော်အပ်ပါသည်။

Date : 4th March 2010 to 15thMarch 2010 (12 days retreat)

Place : Jurong West Central1, Singapore

* * * * * * *

သံလျင်ဘုရားကုန်းသဘာဝရိပ်သာ (ဆူနာမီ) အ၀ိဇ္ဖာမှ ၀ိဇ္ဖာသို့ ဆရာတော် ဦးဥတ္တမသာရ ကိုယ်ရေးအကျဉ်း

(၂၆.၁၀.၁၉၆၉) သီတင်းကျွတ်လပြည့်နေ့တွင် ဆရာတော်အား စစ်ကိုင်းတိုင်း၊ကသာမြို့တွင်မွေးဖွားခဲ့သည်။ ၁၉၉၄တွင် ရန်ကုန်တက္ကသိုလ်မှ (B.A English)ဘွဲ့ရခဲ့သည်။ (၁၆)နှစ်အရွယ်မှစ၍ စီးပွားရေး လောကထဲ စတင်ဝင်ရောက်ခဲ့ပြီး (၂၃)နှစ်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ခဲ့သည်။ စီးပွားရေးအကြီးအကျယ် လုပ်ကိုင်နေဆဲ စိတ်ဖိစီးမှုများကြုံတွေ့နေချိန် (၂၉)နှစ်အရွယ်တွင် ဓမ္မမိတ်ဆွေတစ်ဦး၏ ဖိတ်ခေါ်ချက်အရ အင်းစိန်-၁၀မိုင်ကုန်း ရွာမကြီးကျောင်းရှိ (၅)ရက်တရားစခန်းလေးတွင် အချိန်ပိုင်း တရားနာ၊ တရားထိုင်ရာမှ မိုးကုတ်ဆရာတော်ကြီး ၏ တရားနှင့် ပထမဆုံးစတွေ့ခဲ့သည်။

တရားနှင့်တွေ့ပြီး နေ့စဉ်ပုံမှန် တရားထုတ်ကာ (၁.၆.၂၀၀၀)တွင် အ၀ိဇ္ဇာမှဝိဇ္ဇာသို့ တရား အလှူတော်လုပ်ငန်း ကို စတင်ဖွင့်လှစ်ကာ တရားစီဒီ၊တရားစာအုပ်၊တရားခွေ များ အခမဲ့ငှားရမ်းပေးခဲ့ရာ မြန်မာနိုင်ငံတွင် ၀ိပဿနာတရားနှင့် ပတ်သက်ပြီး အစုံလင်ဆုံး နေရာလေးဖြစ်ခဲ့လေသည်။ ထို့နောက်ဆရာကြီးဦးဘခင် ရိပ်သာ သို့ဝင်၍ တရားအားထုတ်ခဲ့ပြီး နောက်(၈)လ အကြာတွင် ဒုတိယအကြိမ် ဦးဂိုအင်ကာရိပ်သာသို့ဝင်ရောက်၍ အထူးကြိုးစား တရားအားထုတ်အပြီးတွင် စီးပွားရေးလုပ်ငန်း အားလုံးရပ်စဲပြီး (၉)နှစ်တာ ကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာဖွေထားသမျှ တိုက်ခန်း၊ ဖုန်း၊ ကားနှင့် ငွေကြေး တစ်ပြားမကျန်ကို တရားအလှူတော်လုပ်ငန်း ရရှည်ရပ်တည်နိုင်ရန်အတွက် အပြီးအပြတ် စွန့်လွှတ်လှူဒါန်းလိုက်သည်။

နောက်ဆုံး (၁၀)ရက် တရားစခန်းအဖြစ် မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်မှ ထွက်လာအပြီးတွင် စိတ်ဖိစီးမှုများမှ အကြွင်းမဲ့ လွတ်ကင်းခဲ့လေသည်။ နောက်(၁၀)လ ကြာသောအခါ၌ မိမိ စိတ်ဖိစီးမှုများမှ အကြွင်းမဲ့လွတ်မြောက်ခဲ့သလို အခြားသူများလည်း လွတ်မြောက်စေရန်အတွက် မိမိ သိရှိနားလည်ခဲ့သော ဘုရားရှင်၏ လွတ်မြောက်လမ်းအစစ် (၀ိပဿနာအကျင့်လမ်း)ကို အခြားသူများအား သင်ပြပေးခြင်းဖြင့် သာသနာကို အသက်ထက်ဆုံး ပြုရန် ယတိပြတ် ဆုံးဖြတ်ချက်ချကာ အသက်(၃၃)နှစ်ပြည့်သည့် (၂၁.၁၀. ၀၂) သီတင်းကျွတ်လပြည့်နေ့တွင် အလွန်ရခဲသော မြင့်မြတ်သော ရဟန်းဘ၀သို့ အပြီးတိုင်ဝင်ရောက်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ၄၅လမ်း တရားရိပ်သာကိုဖွင့်လှစ်ခဲ့ပြီး၊၂၀၀၈ခုတွင် သံလျင်တရားစခန်းကိုဖွင့်လှစ်ကာ သေခါနီးလူများ၊ စိတ်ဓါတ်ကျအားငယ်နေသူများ၊ ရောဂါဝေဒနာရှင်များ၊ တရားကို လုံးဝနားမလည်သေးသူများ၊ တရား ပျောက်နေသူများ၊ အများအကျိုးအထိရောက်ဆုံး ဆောင်ရွက်လိုသူများ၊ ဘ၀အဓိပ္ပါယ် ရှာဖွေနေသူများ၊ အမှန်တရားကိုမြတ်နိုးသူများ နှင့် အကောင်းစစ်၊ ချမ်းသာအစစ်ကိုအလိုရှိသူများ အားလုံးကို မိမိ(၃)နှစ်နီးပါး ကိုယ်တိုင်လက်တွေ့ လိုက်နာကျင့်သုံးသိရှိခဲ့သော ၀ိပဿနာ ရှုပွားနည်း(သစ္စာတရားနှလုံးသွင်းပုံ) ကိုသင်ကြားပြသပေးခြင်းဖြင့် လူမျိုးဘာသာမရွေး အခက်အခဲ ပြဿနာဖြစ်နေသူအားလုံး၏ အခက်အခဲ ပြဿနာများကို အရှင်းပြေလည်သွားသည့်တိုင်အောင် ကူညီစောင့်ရှောက်ဖြေရှင်းပေးလျှက်ရှိနေသည်မှာ ယနေ့တိုင်ဖြစ်လေသည်။

မေတ္တာဖြင့်

စိုးဝင်းထွဋ်

Leave a Reply

Your email address will not be published. Required fields are marked *