၂၀၁၀ မလေးရှား သာသနာပြု ခရီးစဉ်

Jan 15, ’10 11:32 AM

ဆူနာမီဆရာတော် ဦးဥတ္တမ သာရ မလေးရှား သို့

သာသနာပြု ခရီးစဉ် ကြွရောက်လာမည်-      

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်မျာ –

၁) အချိန်မရွေး နေရာမရွေး လူမျိုးဘာသာမရွေး မှန်ကန်နေမည့် သစ္စာတရား အမှန်တရားကို သိရှိလို လက်ခံ လိုသူများအတွက် လည်းကောင်း ၂) တရားအားထုတ်နေပြီး ၀ိပဿနာဥာဏ်များ ဖြစ်ပေါ်ရန် အခက်အခဲဖြစ်၊ ကြန့်ကြာနေသူများ အတွက် လည်းကောင်း၊ ၃) စိတ်ပူပန်မှုများ သောကများကို မှန်ကန်သောနည်းလမ်းဖြင့် စနစ်တကျ စွန့်လွှတ်လိုသူများအတွက် လည်းကောင်း၊ ၄) ပူပင်သောကများ ကင်းဝင်းကာ ဘ၀တစ်လျှောက် စိတ်ချမ်းသာစွာ နေသွားနည်း(သို့) ဘ၀တွင် အောင်မြင်ခြင်း အစစ်ကို ရယူလိုသူများအတွက် လည်းကောင်း၊ ၅) ရောဂါဝေဒနာရှင်များ ကိုယ်နာသော်လည်း စိတ်မနာဘဲ နေနိုင်သည့်ဖြစ်လျှက် ဝေဒနာများကို အသုံး ချကာ တရားအသိဥာဏ်ထူးများ ဖြစ်ပေါ်ရေးအတွက် လည်းကောင်း၊ ၆) ယခုဘ၀ကောင်းစားရေး (ရှင်ရေး)။ နောက်ဘ၀အပါယ်မကျရေး(သေရေး) စသည်ဖြင့် သေနည်းသင်တန်းတရား တက်လိုသူများအတွက် လည်းကောင်း

၇) သစ္စာတရား ၀ိပဿနာ တရား စတင်အားထုတ်လိုသူများအတွက်လည်းကောင်း – ရည်ရွယ်လျက် – မှန်ကနု ထိရောက်သော တရားအသိဥာဏ်ဖြစ်ပေါ်ရေး သစ္မာတရား နှလုံးသွင်းမှု ကို စိတ်ရှည်ရှည်နှင့် လက်တွေ့ လုပ်ဆောင်နိုင်ရန် သင်ကြားပြသပေးမည့် အ၀ိဇ္ဇာ မှ ၀ိဇ္ဇာသို့ သန်လျင်ဘုရားကုန်းသဘာဝရိပ်သာ (ဆူနာမီ) ဆရာတော်သည် –

၂၀၁၀ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက် မှ ၂၂ ရက်နေ့ထိ –

No.1, Jalan Putra Bistari 2/5J, Putra Height, 47650 Subang Jaya, Selangor, Malaysia.

အထက်ပါ လိပ်စာတွင် သီတင်းသုံးကာ တရားရှင်းပြခြင်း ၊ သစ္စာတရားနှလုံးသွင်းးပုံကို Guide လုပ် သင်ကြားပေးမည်ဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ပါဝင်စားသူများ အထက်ပါ လိပ်စာသို့ ဆရာတော် သီတင်းသုံးနေစဉ် ရက်များ အတွင်း မိမိအားလပ်သည့်အချိန်တိုင်းတွင် လာရောက် တရားမေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ တရားအားထုတ်ခြင်းများ ပြုလုပ်နိုင်ပါကြောင်း မေတ္တာရှေ့ထား နိုးဆော်အပ်ပါတယ်ခင်မျာ-

မေတ္တာဖြင့် စိုးဝင်းထွဋ်

* * * * * * *

Leave a Reply

Your email address will not be published. Required fields are marked *