ဓမ္မရွေးကောက်ပွဲ (ebook)

ဓမ္မရွေးကောက်ပွဲ တရားစာအုပ်

ဒေါင်းလုပ်ရယူနိုင်ပါပြီ

———————
မြန်မာနိုင်ငံတွင်သမိုင်းဝင်မည့်ရွေးကောက်ပွဲနေ့

၂၀၁၅ခု နိုဝင်ဘာလ ၈ ရက်နေ့ နှင့် နိုဝင်ဘာ ၉ ရက် ၊ ၁၀ ရက်များတွင်
သဘာဝတရား ရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ မှ …..
မြန်မာနိုင်ငံသားများ၊ ကုသိုလ်တရားများကို လုပ်ဆောင်လိုသူများ၊
အများအကျိုးကို အနစ်နာခံ ဆောင်ရွက်လိုသူများ၊
တရားဓမ္မကို စိတ်ဝင်စားသူများ အားလုံးအတွက်

ဟောကြားတော်မူသော တရားတော် (၃)ပုဒ်ကို ….

စုစည်းလျှက် ဓမ္မဒါန တရားစာအုပ်ကို ဖြန့်ချိမည်ဖြစ်ပါသည်။

သန်လျင်သဘာဝတရားရိပ်သာတွင်ဖြစ်စေ၊ နီးစပ်ရာတွင် ဖြစ်စေ
မည်သူမဆို ဓမ္မဒါန အဖြစ်ရယူနိုင်မည်ဖြစ်ပါသည်။

————————————

ဓမ္မရွေးကောက်ပွဲ တရားစာအုပ် ebook

အောက်ပါလင့်တွင်

ဒေါင်းလုပ်ရယူနိုင်ပါပြီ

(or) please click on the picture to download it.
DHAMMA ELECTION BOOK COVER copy
DHAMMA ELECTION BOOK COVER2DHAMMA ELECTION BOOK inside copy

လက်ရွေးစင်အနတ္တတရားများ (ပီဒီအက်ဖ်)

ရာတော်ဦးဥတ္တမသာရဟောကြားသော ၂၀၁၂-၂၀၁၃ ခု အနတ္တတရားများထဲမှ လက်ရွေးစင်တရား (၆)ပုဒ်အား ပီဒီအက်ဖ် ဖိုင်အနေဖြင့် အောက်ပါလင့်တွင် ဒေါင်းလုပ်ဆွဲယူ ဖတ်ရှုနိုင်ပါပြီ။

Download Here

ဝဋ်ကြွေးများ အမှန်တကယ် ကြေစေဖို့ (ebook)

တကယ် နားလည် လုပ်တတ်ရမည့် မဇ္ဈိမပဋိပဒါ အလယ်လမ်း တရားနှလုံးသွင်းပုံ အနှစ်ချုပ် အား အီးဘုတ် စာအုပ်အဖြစ် ဓမ္မဒါန ပြုအပ်ပါသည်။

ဤတရားနှလုံးသွင်းပုံ အနှစ်ချုပ် အား သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ဟောကြားသော တရားနှလုံးသွင်းပုံများကို အခြေခံလျှက် ဥာဏ်မီသမျှ တင်ပြထားခြင်းဖြစ်ပါသည်။

အဆုံးတိုင် အချိန်ပေးပြီး ဖတ်ရှုပါရန် မေတ္တာဖြင့် တိုက်တွန်းအပ်ပါသည်။

အောက်ပါ လင့်တွင် တရားစာအုပ် အီးဘုတ် ကို ဒေါင်းလုပ်ရယူနိုင်ပါသည်။

http://www.mediafire.com/view/?x6xmmyui70lfa8u

မေတ္တာအားဖြင့်

စိုးဝင်းထွဋ်

သဘာဝအချက်ပြစနစ် နှင့် စိတ်မကျန်းမာခြင်း (ebook)

Oct 21, ’12 8:19 AM

သဘာဝအချက်ပြစနစ် နှင့် စိတ်မကျန်းမာခြင်း (ebook)

သဘာဝတရားရိပ်သာဆရာတော်ဦးဥတ္တမသာရ

၂၀၁၂ခု August 16 တွင်သဘာဝတရားရိပ်သာ(သန်လျင်) တွင် ဟောကြားသော
“သဘာဝအချက်ပြစနစ် နှင့် စိတ်မကျန်းမာခြင်း တရားတော်” အား အီးဘုတ်အဖြစ် ဒေါင်းလုပ်ရယူနိုင်ပါပြီ။

မီဒီယာဖိုင်းယားဒေါင်းလုပ်

The new ebook of Sayadaw U Ottamasara (Thabarwa centre)
“NATURAL ALARM AND UNHEALTHY MIND” ,
can be downloadable at the below link.

http://www.mediafire.com/view/?no4zhwtqf0nq4bv

မေတ္တာအားဖြင့်
စိုးဝင်းထွဋ်

အနတ္တအဆုံးအမ နှင့် သရုပ်ဖော်ပုံများ ၂-၂၀၁၂ (ebook)

Oct 13, ’12 7:24 AM

အနတ္တအဆုံးအမ နှင့် သရုပ်ဖော်ပုံများ ၂-၂၀၁၂

(သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရ) ရေးသားစီစဉ်သော အကြံဥာဏ်ကောင်းပြီး အတွေးအခေါ်မှန်ကန်စေမည့် အနတ္တအဆုံးအမ နှင့် သရုပ်ဖော်ပုံများ ၂-၂၀၁၂ အီးဘုတ် စာအုပ်ထွက်ရှိပါမည်။


အဆိုပါစာအုပ်တွင်-
အနတ္တတရားအဆုံးအမများကို အများ နားလည်မှု လွယ်ကူ ဖတ်ရှုနိုင်စေဖို့
အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားသည့်အပြင်
မှန်ကန်သော နားလည်မှု – အထောက်အကူပြု ပုံ အနုပညာ Graphic art ဖြင့် လည်း
ဖော်ပြ သရုပ်ဖော်ထားပါသည်။

with compassion & kindness
SoeWinHtut

ebook ကို mediafire တွင်ဒေါင်းလုပ်ရယူရန် –
http://www.mediafire.com/view/?995y1s6r5avn660

* * * * * * * * * *

Judgement depends on Attitude.
ကြည့်တဲ့အတိုင်း မြင်တယ်။

Effect depends on the way of doing.
ပြုလုပ်တဲ့အတိုင်း အကျိုးဖြစ်တယ်။

ဆရာတော်ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ)

မေတ္တာဖြင့်

စိုးဝင်းထွဋ်

အနစ်နာခံနိုင်ခြင်းစွမ်းအား (ebook)

Jul 23, ’12 6:27 AM

အနစ်နာခံနိုင်ခြင်းစွမ်းအား (ebook)

ဓမ္မမိတ်ဆွေများခင်ဗျား-

(၁၂-၇-၂၀၁၂) ရက်နေ့ ဆရာတော်ဦးဥတ္တမသာရ မြောက်ဥက္ကလာပဆေးရုံကြီးတွင်ဟောကြားသော သစ္စာတရားတော် (အနစ်နာခံနိုင်ခြင်းစွမ်းအားတရားတော်) အား အီးဘုတ် ebook စာအုပ်အဖြစ် ဓမ္မဒါန ပြုအပ်ပါသည်။

အဆုံးတိုင် အချိန်ပေးပြီး ဖတ်ရှုပါရန် မေတ္တာဖြင့် တိုက်တွန်းအပ်ပါသည်။

အောက်ပါ attachment တွင် တရားစာအုပ် ebook ကို ဒေါင်းလုပ်ရယူနိုင်ပါသည်။

mediafire download ရယူရန် လင့် –

http://www.mediafire.com/view/?kw56i0q2dc4kjb5

မေတ္တာဖြင့်

စိုးဝင်းထွဋ်

ကျွန်ုပ်နားလည်မိသမျှ သစ္စာတရားနှလုံးသွင်းပုံ မှတ်စုများ (ebook)

Feb 9, ’12 4:24 AM

ကျွန်ုပ်နားလည်မိသမျှ သစ္စာတရားနှလုံးသွင်းပုံ မှတ်စုများ 

meditation notes cover

ကျွန်ုပ်တို့တတွေ….. စိတ်ထဲတွင် အဓိကထားနေမှု မှားယွင်းနေပါက (အ ယောနိသောမနသိကာရက ) ဖြစ်ပေါ်ကာ
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ နှင့် အဆင်း၊ အသံ၊ အနံ အရသာ၊ တွေ့ထိစရာ၊ ကြံတွေးစရာတို့ တိုက်ဆိုင်တိုင်း – တွေ့ကြုံရသမျှ အပေါ် လောဘ-ဒေါသ-သောက-အကုသိုလ် ဖြစ်ကာ ပူလောင် ဒုက္ခရောက်ရပါမည်။

ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော အကောင်းအဆိုးအတွေ့အကြုံ ဆိုသည်များထက် မိမိစိတ်၏ နှလုံးသွင်းမှန်မှု- ယောနိသောမနသိကာရ သည်သာ အဓိကကျပါသည်။

အဓိကထားရမည့်အရာကို အဓိကမထားတတ်ရင်တော့ မိမိ-စိတ်၏အဓိကထားမှုအမှား(ငြိတွယ်မှု ) clinging မှ ပူလောင်ယောင်ယက်ခတ်အောင် အကုသိုလ်ဖြစ်အောင် ပြုလုပ်ပါတော့သည်။

မိမိစိတ်၏အဓိကထားမှုအမှား(တရားခံအစစ်ကို) မသိခြင်းကြောင့် (၀ါ) အ၀ိဇ္ဇာကြောင့် ဟိုလူကြောင့် ၊ ဒီလူကြောင့်၊ ဟိုလူ့လုပ်ရပ်ကြောင့်၊ ဒီလူ့လုပ်ရပ်ကြောင့် စိတ်ညစ်ရသည်။

ပြဿနာဖြစ်ရသည်။ ဆင်းရဲရသည်။ အကုသိုလ်ဖြစ်ရသည်။ ဘာဖြစ်ရသည်- ညာဖြစ်ရသည် စသည့်ဖြင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ ကို သာ အပြစ်တင်ပါသည်။ တရားခံဖမ်းပါသည်။

တူညီသော အခြေအနေ ၊ တူညီသော စကားလုံးတစ်ခုကိုပင် ယောနိသောမနသိကာရ ရှိသူ အတွက် မဂ်ဖိုလ်ရ သည်အထိ ကျေးဇူးပြုကာ အ ယောနိသောမနသိကာရက ရှိသူ အတွက်….
ကျေးဇူးမဲ့စေခဲ့ကြာင်း မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့ ကြီး နှင့် သမီးမာဂဏ္ဍီသူငယ်မဇာတ်လမ်း (အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု) ကား သက်သေပင်ဖြစ်လေသည်။

အခြေအနေတစ်ခု၊ စကားလုံးတစ်ခွန်းက အကောင်းအဆိုး ဖြစ်စေသည်ဆိုသည်ထက် အမှန်က မိမိ၏ ယောနိသောမနသိကာရက(နှလုံးသွင်းမှန်မှု) ဖြစ်သလား၊
အယောနိသောမနသိကာရက (နှလုံးသွင်းမှားမှု) ဖြစ်သလား ဆိုသည်က ပိုမို အရေးကြီး အဓိကကျပါသည်။

ဆက်လက်ဖတ်ရှုရန် အောက်ပါ လင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါပြီ။
http://www.mediafire.com/?5e25hvefeatt5hp

ယေဘူယျတရားနားလည်မှုမှသည် ဓမ္မာနုပဿနာဆီ(ebook)

Sep 11, ’11 8:15 AM

ယေဘူယျတရားနားလည်မှုမှသည် ဓမ္မာနုပဿနာဆီသို(ebook) 

                  

ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေဖို့ သက်သက် အတွက်သာ ရည်ရွယ်လျှက် ဥာဏ်မီသလောက် တင်ပြရခြင်းဖြစ်ပါသည်။

ဆရာတော်မှ တည်းဖြတ်ခြင်း မပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါက စာရေးသူ ၏ တင်ပြပုံ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။

ဆရာတော်ဟောကြားသောတရားတော်များကို ပိုမိုရှင်းလင်းစွာနားလည်စေရန်အတွက် ယခုလက်ရှိ ကျွန်ုပ်တို့ ယေဘူယျ နားလည်နေသော တရားရှုမှတ်ပုံ နှင့် ဆရာတော်သင်ပြပေးသော တရားနှလုံးသွင်းပုံ တို့ကို ယှဉ်လျှက် ဇယားပုံစံဖြင့် တင်ပြထားပါသည်။

အမှားတဖက် ၊ အမှန်တဖက် ဟု နားလည်ရမှာမျိုး မဟုတ်ဘဲ၊ အခြေခံ တရားရှုမှတ်မှု မှ သည် ဓမ္မနုပဿနာ ဆိုက်သော နှလုံးသွင်းမှုမျိုး ပြောင်းလဲဖြစ်ပေါ်စေရန်အတွက် ရှင်းလင်းစွာ ခွဲခြား သိနားလည်နိုင်စေဖို့ အတွက်သာ ရည်ရွယ်တင်ပြထားခြင်းဖြစ်ပါသည်။

ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open minded စိတ်ထားဖြင့် ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ပါကုန်။ ဆရာတော် ဟောကြားသော guided meditation သစ္စာတရားတော်များကို ကြိမ်ဖန်များစွာနာယူ၍ တရား နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ လေ့ကျင့်ကြည့်ကြဖို့ လိုအပ်ပါသည်။

”အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (သမုတိသစ္စာများကို အတည်ယူ ဆုပ်ကိုင်မှု၊ အဟုတ်ထင်၊ ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ဖြစ်သည်” ဆိုတာကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူး လိုအပ်လှပါသည်။

http://www.mediafire.com/?sygk31hz5154ofb

1 2 3