တရားအားထုတ်တယ်ဆိုတာ

Jan 15, ’10 11:32 AM

သစ္စာတရား ပရမတ်တရား နှလုံးသွင်းမှု ပညတ်စာစုများ

——–အသစ်အသစ် အစားထိုး ပျက်စီးနေသော ဝေဒနာခံစားချက်များသာရှိ၏…
ဝေဒနာခံစားနေရသူ(ငါ)တစ်ဦးဦး-တစ်ယောက်ယောက်-တစ်ခုခု-တစ်စုံတစ်ရာတော့ တကယ် မရှိ၊
———ဖန်တီးလုပ်ဆောင်မှုများသာရှိ၏…
ဖန်တီးလုပ်ဆောင်နေရသူ(ငါ)တစ်ဦးဦး-တစ်ယောက်ယောက် တစ်စုံတစ်ရာတော့ တကယ်မရှိ၊
——–အေးငြိမ်းမှုအစစ်-ချမ်းသာအစစ်-တည်မြဲမှုအစစ်-နိဗ္ဗါန်နဓါတ်သာ အမှန်ရှိ၏…
နိဗ္ဗါန်နဓါတ်သို့ဝင်ရောက်သူ(ငါ)တစ်ဦးဦး-တစ်ယောက်ယောက်-တစ်စုံ

တစ်ရာတော့မရှိ၊
——–နိဗ္ဗါန်သို့စံဝင်နိုင်သောတစ်ကြောင်းတည်းသောလမ်းသည်အမှန်ရှိ၏…
ထိုလမ်းကိုလျှောက်လှမ်းနေသူ-ငါ-တစ်ဦးဦး-တစ်ယောက်ယောက်-တစ်ခုခု-တစ်စုံတစ်ရာတော့ တကယ် မရှိ။
(ဗုဒ္ဓ-၀ိသုဒ္ဓိမဂ်)

* * * * * * *

အနတ္တတရား နားလည်မှု အစစ်

လောဘ ဖြစ်စရာ ကြုံလည်း လောဘ မဖြစ်မှ
ဒေါသဖြစ်စရာ ကြုံလည်း ဒေါသ မဖြစ်မှ
မောဟဖြစ်စရာတွေနှင့် ကြုံနေရလည်း
တစ်ခုခု တစ်ယောက်ယောက် အခြေအနေတစ်ခု ကို
အဟုတ်ထင်နေမှု သဘောအသစ်အသစ်တွေ ပဲ ဖြစ်နေတာလို့
နှလုံးသွင်းမှန်မှ (တကယ်မဟုတ်မှန်းသိမှ)
အနတ္တတရား နားလည်မှု အစစ်ပါ။

* * * * * * *

သစ္စာလေးပါး

အဖြစ်ကောင်းမရှာနဲ့
ဖြစ်နေသမျှ (ရုပ်-နာမ်) ဒုက္ခသစ္စာ
အလုပ်ကောင်းမရှာနဲ့
ပြုလုပ်နေသမျှ (သင်္ခါရ) ဒုက္ခသစ္စာ
အမှတ်ကောင်း-အသိကောင်း-ခံစားစရာကောင်း လိုက် မရှာနဲ့
အမှတ်-သိမှု-ခံစား (သညာ-ဝေဒနာ-၀ိဥာဏ်) မှန်သမျှ ဒုက္ခသစ္စာ

ဒုက္ခသစ္စာတွေကို
အမှတ်ကောင်း-အဖြစ်ကောင်း-အသိကောင်း-အလုပ်ကောင်း-ခံစားစရာကောင်းကောင်း စသည်ဖြင့် (တစ်ခုခုအဖြစ် )
တကယ်-အဟုတ်ထင်နေတဲ့ သဘော၊ တကယ်-အရှိ ထင်နေတဲ့ သဘော
တကယ်-အမှန်ထင်နေတဲ့ သဘော အသစ်အသစ်လေးတွေက သမုဒယသစ္စာ

ပြုပြင်တဲ့-ဖောက်ပြန်တဲ့၊ တရစပ်ပျက်စီးနေတဲ့
သဘောပရမတ်အသစ်အသစ်တွေ ပဲ
ဒီ သမုဒယသစ္စာ နဲ့ ဒုက္ခသစ္စာ တွေ ပဲ
အသစ်အသစ်သဘောဖြစ်ကာ တကယ်ရှိနေတာ ဆိုတဲ့ အမှန်တရားကို
လက်ခံနိုင်ဖို့ ကြိုးစားကာမတ္တ ကြိုးစားတာ မဂ္ဂသစ္စာ

ပြုပြင်တဲ့-ဖောက်ပြန်တဲ့၊ တရစပ်ပျက်စီးနေတဲ့
သဘောပရမတ်အသစ်အသစ်တွေ ကင်းတဲ့
အရှိတရား ငြိမ်းအေးမှုတရား မတည်မြဲမှုကင်းတဲ့
သဘောက နိရောဓသစ္စာ။ (နိဗ္ဗါန်)

* * * * * * *

အများအကျိုးအစစ်

အများအကျိုးဆိုပေမယ့်
တကယ်တော့ တစ်ဦးချင်းစီရဲ့အကျိုးပါပဲ
အများဆိုတာ တစ်ဦးချင်းစီရဲ့ အစုအပေါင်းပါပဲ
မိမိနဲ့ တွေ့ကြုံသမျှ- ဆက်ဆံရသမျှ
တစ်ဦးချင်းဆီအပေါ် လေးလေးစားစား
ဂရုတစိုက် ရှိတာကိုက
အများအကျိုးဆောင်ရွက်တာ အစစ်ပါပဲ။
အများအကျိုးဆောင်ရွက်တယ်ဆိုပြီး
မိမိနဲ့ဆက်ဆံတဲ့ တွေ့ကြုံတဲ့ တစ်ဦးချင်းစီကို
အလေးမထား ဂရုမစိုက်တာမျိုးက
အများအကျိုးအစစ်မဟုတ်ပါဘူး။

* * * * * * *

သတ္တ၀ါ အနန္တအတွက် သံသရာဟောစတမ်း

ဘာဖြစ်ဦးမှာလည်း မမေးနဲ့တော့
အရင်ကလည်း ဒါပဲ။
အခုလည်း ဒါပဲ။
နောက်လည်း ဒါပဲ။
( ဒါပဲ ဆိုတာ တရစပ် အသစ်အသစ် အစားထိုးလိုက် ပျက်စီးလိုက်ဖြစ်နေတဲ့
ဝေဒနာ – စိတ် – အတွေး – ခံစားမှု – ရုပ် စတာတွေကို
(တစ်ခုခု အဖြစ်- တစ်ဦးဦး အဖြစ်) အချိန်တစ်ခုကြာအောင်
တကယ်မြဲနေတယ် တကယ်ရှိနေတယ် တကယ်ဟုတ်နေတယ် လို့
အထင်မှားနေမှု- အယူမှားနေမှု-အမှတ်မှားနေမှု- အသိမှားမှု
(အ၀ိဇ္ဖာ-တဏှာ-ဥပါဒါန်-သင်္ခါရ- ကံ ဆိုတဲ့ သမုဒယသစ္စာ – ကိလေသာ)

* * * * * * *

စွန်

အမည်ခံမစွန့်နဲ့ ၊ တကယ် စွန့်
လောဘ-ဒေါသ-မောဟ ပါ မကျန်အောင် စွန့်
အမည်ပဲ ခံယူ ၊ တကယ် မယူနဲ့။

* * * * * * *

ဆိုင်းဘုတ်

ဆိုင်းဘုတ်ဆွဲတာ၊ ခွဲခြားတာ အကျင့်ပါနေလို့
မသာတင်မက အုတ်ဂူမှာပါ ဆိုင်းဘုတ်ဆွဲနေရတာ

ဘယ်သူဘယ်ဝါ ဆိုတဲ့ ဆိုင်းဘုတ်၊
ဘာတွေ ညာတွေ ဆိုတဲ့ ဆိုင်းဘုတ်
ဘာရိပ်သာ ညာရိပ်သာ ဆိုတဲ့ ဆိုင်းဘုတ်
ဆိုင်းဘုတ်မှန်သမျှ ဆိုင်းဘုတ်ပြုတ်သွားမယ့်
အန္တရာယ် အချိန်မရွေးရှိတယ်

တရစပ် အသစ်အသစ် အစားထိုး ဖြစ်နေကာ
အမြဲရှိနေတဲ့ စိတ်၊ စေတသိက်၊ ရုပ်(စွမ်းအင်) သဘာဝ သုံးခု နဲ့
မတည်မြဲမှုကင်းနေတဲ့ – ချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗါန်သဘာဝ တစ်ခု တို့သည်သာ
အန္တရာယ် အမြဲကင်းတယ်

* * * * * * *

သတ်မှတ်ချက်တွေဖြစ်နေတာ

ငါ – ငါ့ဥစ္စာ – ငါ့ဆရာ – ငါ့လူမျိုး – ငါ့ဘာသာ ဆိုပြီး
ဘာကိုမှ အပိုင် မစီး ချင်ပါနဲ့
ဆိုင်သာဆိုင်ပြီး မပိုင်တဲ့အဖြစ်ကို လက်ခံနိုင်ဖို့ကြိုးစား

ဘာကိုမှ တကယ် အရှိ မလုပ်တော့ ရင်
ဘာအလုပ်မှ တကယ် မရှိတော့ဘူး

သတ်မှတ်လို့ နှိုင်းယှဉ်လို့ ဟုတ်တယ် ထင်နေရတာတွေ ကို
တကယ် အဟုတ် မထင်လိုက်ပါနဲ့
သတ်မှတ်ချက်တွေဖြစ်နေတာ
တကယ်ဖြစ်နေတာတော့မဟုတ်

သတ်မှတ်ချက် ဆိုတာ သတ်မှတ်ချက် ပါပဲ
သတ်မှတ်ချက် ပညတ်ချက်ဆိုတာ သုံးရမှာ
ဆုပ်ကိုင်ထားဖို့မဟုတ် – စွဲနေဖို့မဟုတ် –
သတ်မှတ်ချက်ကို တကယ်အဟုတ်ထင်ပြီး ပယ်လိုက်ရမှာလည်းမဟုတ်။

(မှတ်ချက်-သတ်မှတ်ချက်ကို သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပြီး တကယ်မဟုတ်ဟု ဆိုကာ ပယ်လို့မရ။
သတ်မှတ်ချက်ကို ပရမတ်သဘာဝအစစ်များကို သိပြီး နှိုင်းယှဉ်နိုင်မှသာ တကယ်မဟုတ်ဆိုပြီး မစွဲပဲနေနိုင်ပေမည်)

* * * * * * *

တကယ် ဟုတ် မနေလို့သာ

တစ်ခုခုရဲ့ အဖြစ်
တစ်ယောက်ယောက်ရဲ့ အဖြစ်
ဘာဖြစ်ဖြစ်
တကယ်ဖြစ် – တကယ်မြဲ – တကယ် ဟုတ်နေတာတော့ မဟုတ်
တကယ် ဟုတ်မနေလို့သာ
မြဲမနေပဲ ယိုယွင်းပြီး ပျက်ပျက်သွားနေတာပေါ့။

* * * * * * *

အနိစ္စ သက်သက် ဖြစ်တာ – ဒုက္ခ သက်သက် ဖြစ်တာ – အနတ္တ သက်သက် ဖြစ်တာ

သဘာဝက ဖြစ်တဲ့ အင်အားက ကြီးတယ် မြဲတယ်
အနတ္တစွမ်းအားက ကြီးတယ် မြဲတယ်
ဘာမှ ဖြစ်သွားတာမဟုတ်
ပရမတ်သက်သက်ဖြစ်နေတာ
အနိစ္စသက်သက်ဖြစ်နေတာ
ဒုက္ခသက်သက်ဖြစ်နေတာ
ငါ့အနိစ္စတွေမဟုတ် – ငါ့ဒုက္ခတွေ ဖြစ်နေတာတော့ မဟုတ်
အနတ္တသက်သက်ဖြစ်နေတာ။

* * * * * * *

လောက

ဖြစ်ခဲ့တာတွေ နဲ့
ဖြစ်ဦးမှာတွေပဲ
အခုဖြစ်နေတာ လောက
ဖြစ်ခဲ့တာတွေကို အဟုတ်ထင်နေမှု နဲ့
ဖြစ်ဦးမှာတွေကို အဟုတ်ထင်နေမှု တွေပဲ
အခုဖြစ်နေတာ လောက

* * * * * * *

ဥာဏ်တရား အလုပ်

တစ်ခုခုလုပ်တာ ကံအလုပ်
တစ်ခုခုရှိတယ်အထင်နဲ့ စူးစိုက်တာ ကံအလုပ်
ဘာတွေ ညာတွေ တစ်ခုခုတွေကို အဟုတ် တကယ်ထင်ပြီး
ဘာမှမလုပ်ပဲနေတာလည်း ကံအလုပ်

တစ်ခုခု တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာ ဆိုတဲ့ သတ်မှတ်ချက်တွေကို
တကယ် အဟုတ်ထင်နေတဲ့သဘော (သို့)
အရှိ အဟုတ် ထင်အောင် ပြုလုပ်နေတဲ့သဘော (သို့)
သမုဒယသစ္စာ-(အ၀ိဇ္ဖာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ၊ သင်္ခါရ) မှန်သမျှကို
စွန့်လွှတ်နေတာကမှ ဥာဏ်တရားအလုပ်

မနောကံ အလုပ် ၊ စဉ်းစားတဲ့အလုပ် စတဲ့
စိတ်အလုပ်မှန်သမျှကို
တရစပ် စွန့်နေတဲ့သဘာကမှ ဥာဏ်တရား အလုပ်….

* * * * * * *

အကြီးကျယ်ဆုံးအဖြစ် နဲ့ အသေးသိမ်ဆုံးအဖြစ်

စကြာဝဠာ အနန္တ ၊ သတ္တ၀ါ အနန္တ ဖြစ်နေတာကို
တစ်ခုခု ၊ တစ်ယောက်ယောက် ဖြစ်ရတဲ့ အဖြစ် ကို
တကယ့် အဟုတ် ထင်မှတ်လျှက်
မာန်တက်နေတာ (သို့) စိတ်ဓါတ်ကျနေတာ လောက်
သေးသိမ်တာ မရှိသလို ……
တစ်ခုခု၊ တစ်ယောက်ယောက် အဖြစ်ကို
အဟုတ်မထင်ပဲ
တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ အစွဲ (အထင်)
မရှိတာလောက် ကြီးကျယ်တာလည်းမရှိတော့ပါဘူး။……

* * * * * * *

အတ္တ အယူ

တန်ဖိုးထားလို့ တန်ဖိုးရှိနေတာကို
“တကယ့်တန်ဖိုး” ရှိနေတာပဲ ဆိုပြီး
တန်ဖိုးထားနေရင် အတ္တ

ပြဿနာအဖြစ် သတ်မှတ်လို့ ပြဿနာအဖြစ်ရှိနေတာကို
“တကယ့်ပြဿနာ” ပဲ ဆိုပြီး
ပြဿနာလုပ်နေရင် အတ္တ

ယုံကြည်ရမယ်ဆိုပြီး
ယုံကြည်အောင် တမင်လုပ်ပြီး
ယုံကြည်နေရတာ အတ္တ

“ငါပဲ သူပဲ“ သတ်မှတ်လို့
“ငါပဲ သူပဲ“ အဖြစ် သတ်မှတ်နေရတာကို
တကယ့် ငါ ပဲ ၊ တကယ့် သူ ပဲ ဆိုပြီး
ယုံကြည်နေရင် အတ္တ

မကျေနပ်စရာ- လို့ သတ်မှတ်ပြီး
ဒေါသ- ဖြစ်နေရတာကို
တကယ့်ဒေါသစိတ်ပဲဆိုပြီး
အဟုတ်ထင်နေရင် အတ္တ-

သာယာစရာလို့ သတ်မှတ်ပြီး
သာယာနေရတာကို
တကယ့်သာယာမှုပဲဆိုပြီး
သာယာနေရင် အတ္တ-

ကောင်းတယ်လို့ သတ်မှတ်ပြီးကောင်းတဲ့အကောင်း (နှိုင်းယှဉ်ကြည့်ပြီး ကောင်းတယ်ဆိုတဲ့အကောင်း)
မှန်တယ်လို့ သတ်မှတ်ပြီး မှန်တဲ့အမှန် (နှိုင်းယှဉ်ကြည့်ပြီး မှန်တယ်ဆိုတဲ့အမှန်)
ဒီသတ်မှတ်ချက် အကောင်း(အမှန်)ဆိုတာတွေ
ဒီအကောင်း(အမှန်) ဆိုတဲ့ သတ်မှတ်ချက်တွေကို ဆုပ်ကိုင်ပြီး
တစ်ယောက်ယောက်၊ တစ်ခုခုရဲ့ အပြစ်ကို လိုက်ရှာနေတာ အတ္တ

လောဘ-ဒေါသ-မောဟ(အ၀ိဇ္ဖာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ) ဆိုတဲ့
သမုဒယသစ္စာရဲ့ ဖန်တီးလှည့်စားပြုလုပ်နေမှုများပဲ ဆိုတဲ့ တရားခံအစစ်တစ်မျိုးပဲရှိတာကို
မသိဘဲ – လက်မခံနိုင်ဘဲ
ဘယ်သူ့ကြောင့် – ဘယ်ဝါ့ကြောင့်-ဘာ့ကြောင့်- ညာ့ကြောင့် ဆိုပြီး
ပုဂ္ဂိုလ်-သတ္တ၀ါ-တစ်ဦးဦး-တစ်ယောက်ယောက်-အချိန်တစ်ချိန်-အခြေအနေ တစ်ခုကို
အပြစ်တင်ဖို့ ကြိုးစားနေတာ အတ္တ။

* * * * * * *

အကြောင်းတရား ကို က အကျိုးတရား ပဲ

လုပ်တာနဲ့ ဖြစ်တာ အတူတူပဲ
စေတနာထားရင် စေတနာဖြစ်တယ်
ယုံကြည်ရင် ယုံကြည်တာဖြစ်တယ်
ကြောက်ရင် ကြောက်စိတ် ဖြစ်တာ ရတယ်
သံသယစိတ်ဖြစ်ရင် သံသယစိတ်ဖြစ်တာ ရတယ်
မေတ္တာထားရင် ထားတဲ့မေတ္တာ ရတယ် (လူတိုင်း မေတ္တာနဲ့ မတန်ဘူးမလုပ်ပါနဲ့)
ပူတတ်ရင် အပူရတယ် …
စွန့်လွှတ်တတ်ရင် စွန့်လွှတ်တာရတယ်…..

* * * * * * *

“ငါ” ကတော့ တကယ်ဖြစ်မနေ

အပ္ပမာဒ ဆိုတဲ့
မမေ့မလျော့
မပေါ့မဆတဲ့
သတိတရားနဲ့
အမြဲ မပြတ်
သတိရ နေရမယ့်
ယုံကြည် နေရမယ့်
အမှန်တရား
က….

တစ်ငါငါ ပြုလုပ်မှုများ
“ငါ“ ဆိုတာ တကယ်ဟုတ်တယ် လို့
အထင်မှားအောင် ဖန်တီး ပြုလုပ်မှုများ
သာ
တရစပ် ဖြစ်ပေါ် (ပျက်စီး) နေပြီး…….
”ငါ“ ကတော့ တကယ်ဖြစ်မနေ….

“တစ်ငါငါ ပြုလုပ်မှုများ”
သာ
“ငါ“ (တစ်ခုခု) ကို အဟုတ်ထင်နေမှုများ
သာ
တရစပ် ဖြစ်-ချုပ်နေပြီး
“ငါ” (တစ်ခုခု) ကတော့ တကယ် ဖြစ်မနေပါဘူး –
ဆိုတာပါပဲ …..

* * * * * * *

တရားအားထုတ်တယ် ဆိုတာ

တရားအားထုတ်တယ် ဆိုတာ
တစ်ခုခု ရအောင်၊ တစ်ခုခု ဖြစ်အောင်၊ တစ်ခုခုသိမ်းပိုက်နိုင်အောင်
ပြုလုပ်ခြင်းမဟုတ်ဘဲ။
“ တစ်ခုခု ကို ရှိနေသည် – မြဲနေသည် – ပိုင်ဆိုင်နေသည် – ဟုတ်နေသည် – ဆိုသောအထင်မှား “
(သို့)
ဘာဖြစ် ညာဖြစ် ဆိုသော အခြေအနေတစ်ခု- အချိန်အခါတစ်ခု စသည်ဖြင့် –
(တစ်ခုခု -တစ်ယောက်ယောက် – တစ်ချိန်ချိန်) ကို
တကယ်ဟုတ်နေသည်။
တကယ်ရှိနေသည်။
တကယ်မြဲနေသည် ။
တကယ်သိမ်းပိုက်၍
ရသည်ဟူ၍ ထင်နေသော အထင်မှား
ကို
စွန့်လွှတ်နိုင်ရန်ကြိုးစားခြင်း
သာ
ဖြစ်လေသည်။

* * * * * * *

အေ ရး ကြီး သ ည် မှာ

အခုနားထောင်၊ အခုနားလည်၊ အခုထလုပ်ကြည့်၍ မရပါက
စိတ်မပျက်ဘဲ၊
အခုနားထောင်၊ အခုနားလည်၊ အခုထလုပ်ကြည့်၍ရခြင်းထက် ပို၍ အရေးကြီးသည်မှာ
ငါဟူသော အထင်မှားဖြင့်
လုပ်ချင်နေ၊ ပြောချင်နေ၊ ဝေဖန်ချင်နေ၊ စဉ်းစားချင်နေ၊ ပူချင်နေ၊ လောဘ-ဒေါသဖြစ်ချင်နေမှုများ ကို
အဟုတ် တကယ် လို့ ထင်မြင်အောင်
(သို့)
တစ်ခုခု၊ တစ်ယောက်ယောက်၊ အခြေအနေတစ်ခု ကို
အချိန်တစ်ခုကြာအောင်
ရှိနေ-မြဲနေသည် ဟု
ထင်မြင်အောင် အဟုတ်ထင်အောင်
လှည့်စားဖန်တီးပြုလုပ်နေမှုများ
(သို့)
အ၀ိဇ္ဖာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ များ တည်းဟူသော သမုဒယသစ္စာသဘောများ
ကို မှန်မှန်ကန်ကန် သိနားလည်လျှက်
စွန့်လွှတ်တတ်ရန် ကြိုးစားနေခြင်းဖြစ်လေသည်။

* * * * * * *

နှ လုံး သွင်း မှန် မှု

”ဝေဒနာပဲ – ရုပ်ပဲ – စိတ်ပဲ -အတွေးပဲ စသည်ဖြင့် တစ်ခုခုက
အချိန်တစ်ခုကြာအောင်
ရှိနေသည် – ဟုတ်နေသည် ”
ဟူ၍ ထင်မြင်အောင်
သမုဒယသစ္စာ၏ ”တရစပ်လှည့်စားပြုလုပ်မှုများ” သာ
”တရစပ်ပျက်စီးလျက်ရှိနေသည်” ဟု
ယုံကြည် လက်ခံ နှလုံးသွင်းနိုင်ရန် ကြိုးစားပါ။

အချိန်တစ်ခု ကြာအောင်
ဘာဖြစ် – ညာဖြစ် – ခံစားချက်ဖြစ် – အတွေးဖြစ် – စိတ်ဖြစ် -ဝေဒနာဖြစ်
စသည်ဖြင့်
(တစ်ခုခု က အချိန်တစ်ခုကြာအောင် မြဲနေ-ဖြစ်နေရာက ပျက်သွားတာ မဟုတ်ဘဲ)

ထို တစ်ခုခုကို (ဝေဒနာတွေ-စိတ်တွေ-ခံစားချက်တွေ-အတွေးတွေကို)……

“အဟုတ်ထင်မှုသဘောတွေဘဲ ပျက်နေတာ –
အဟုတ်ထင်အောင် လှည့်စားဖန်တီးပြုလုပ်မှုတွေဘဲ ပျက်နေတာ
အပျက်တွေဘဲ ဖြစ်နေတာ… ”
အဖတ်မတင်မှုတွေပဲ ဖြစ်နေတာ….
ဒုက္ခသစ္စာတွေပဲ ဖြစ်နေတာ…..
သုညသဘော….အချည်းနှီးသဘော တွေပဲ ဖြစ်နေတာ…..
ဟူ၍
မမေ့မလျော့ ယုံကြည် လက်ခံ နှလုံးသွင်းနိုင်အောင် ကြိုးစားကြည့်ပါ။
ဘာဖြစ်လာမလဲတော့ မမေးပါနဲ့။ (သံသယမဖြစ်ပါနဲ့)
ဘာဖြစ် – ညာဖြစ် ဆိုတဲ့ ပညတ်ဖြစ် ပညတ်ပျက် များအပေါ်
အဟုတ်ထင်ကာ ဖြစ်ပေါ်နေရတဲ့ ကိလေသာများ-အပူများ (အစွဲများ)
လျော့လျော့လာပြီး။
ငါစွဲ-သက္ကာယဒိဋ္ဌိ ပြုတ်သွားရုံလေးပါဘဲ။
ဘာဖြစ် ညာဖြစ် ဆိုပြီး
တစ်ခုခုတော့ ဖြစ်မသွားပါ။

* * * * * * *

 

 

Leave a Reply

Your email address will not be published. Required fields are marked *